ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ ဇီဝိတဒါန ငါးနှင့်ငှက်လွှတ်ပွဲကျင်းပ

ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့က၊ ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် ဇီဝိတဒါန ငါးနှင့်ငှက်လွှတ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားမှူးက ဆုတောင်းမေတ္တာပို့သမှုဂါထာဖြင့် ရွတ်ဆိုဆုတောင်းမေတ္တာပို့သပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ငါးနှင့်ငှက်များကို ကုသိုလ်ပြုဇီဝိတဒါနအဖြစ်လွှ တ်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)