မိုင်းဆတ် ဧပြီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် (၇)နာရီက ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့် ဆက်လျဥ်း၍ အမှာစကားပြောကြားပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဩကာသကန်တော့ချိုးဖြင့် ညီညာစွာရွတ်ဆို ရှိခိုးကန်တော့ခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ကန်တော့ခံသက်ကြီးဘိုးဘွား (၆၀)ဦးအား လှူဖွယ်ပစ္စည်းများကို လှူဒါန်းကန်တော့ခဲ့ကြသည်။
ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးဦးနေဝင်းက ကျေးဇူးတင်ကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)