မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်၊ သက်ကြီးဘိုးဘွားများ သန်လျင်၌ ပူဇော်ကန်တော့

 သန်လျင် ဧပြီ ၁၈

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် ယမန်နေ့ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်တွင် သန်လျင်မြို့နယ်ဇာမဏ္ဍီဆည်အတွင်းသို့ ဇီဝိတဒါန ငါးကောင်ရေတစ်သောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပခဲ့ပြီး နံနက် ၁၀ နာရီတွင် သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက်ရုံး၌ကျင်းပသော သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲသို့တက်ရောက်ပြီး ကန်တော့အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ည​နေပိုင်းတွင် သန်လျင်မြို့နယ် သံဃနာယဆရာတော်ကြီးကိုးပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များ မြို့လုံးကျွတ်လှည့်လည်ရွတ်ဖတ်တော်မူကြပြီး ရပ်ကွက်ကျေးရွာ လမ်းအသီးသီးတွင်လည်း အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)