ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်‌ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အသုံးချတက်စေရန်ပျော်ပွဲရွှင်များ၊  အားကစားနည်းပညာများဖြင့်တဲ့ စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ  ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ အာရုံစူးစိုက်လေ့လာမှုကောင်းစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲ အထက-ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)