ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး ယမန်နေ့နံနက် (၁၀)နာရီခွဲက စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် သောကဖြေဆေးရွှေအတွေးစာအုပ် စာဖတ်ဝိုင်းအား ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သောကရောက်လျှင် သောကကိုဖြေဖို့လိုကြောင်း၊ ဖြစ်ပေါ်လာသော ပြသနာများအား ခေါင်းထဲတွင်မထားဘဲ တန်းဖိုးရှိသည့် အတွေးများတွေးရန်လိုကြောင်း၊ အမုန်းတရားများ မပွားများကြရန်နှင့် မိမိလိုချင်သော ဘဝအခြေနေမျိုးရောက်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ သောကဖြစ်နေပါက အလုပ်လုပ်ခြင်းဖြင့် သောကများ ဖြေဖျောက်စေကြောင်းနှင့် မြို့နယ်စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က  လူငယ်များအနေဖြင့် စိတ်ခွန်အားကို မွေးမြူသွားကြပြီး ခွင့်လွှတ်ခြင်းစိတ်များဖြင့် မေတ္တာတရားပွားများကြစေလိုကြေင်း မိမိတာဝန်ယူဆောင်ရွက်ရမည့် အလုပ်တာဝန်များအား မမေ့မလျော့ဘဲ တာဝန်ယူဆောင်ရွက်သွားကြရေး၊ သောကဖြစ်စေမည့် အကြောင်းအရာများအား တွေ့အောင်ရှာပြီး ပြုံးနိုင်ရယ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် အေးချမ်းသူများ ဖြစ်စေလိုကြောင်း စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စိတ်မပျော်ရွှင်မှုများနှင့် ကြုံတွေ့လာပါက ပျော်ရွှင်စရာအကြောင်းအရာများနှင့် အစားထိုးရန်လိုကြောင်း၊ အတိတ်ဖြစ်ရပ်များကြောင့် ရလဒ်မကောင်းပါက စိတ်ညစ်မှုများထားရန်မလိုဘဲ အနာဂတ်ကောင်းဖို့အတွက် ပစ္စုန်ပ္ပန်တွင် အကောင်းဆုံးလုပ်ဆောင်ရန် အခွင့်အရေးများရှိကြောင်း၊ စိတ်ညစ်မှုများဖြစ်ပေါ်လာပါက လောကကြီးအား အရွဲမတိုက်သင့်ကြောင်း ပတ်ဝန်းကျင်တွင်ရှိနေသည့်လူများက မိမိစိတ်ညစ်မှုများကို ပေါ့ပေါ့ပါးပါးနှင့် ကူညီဖြေရှင်းနိုင်ကြောင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)