လယ်ဝေး ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦး ကျေးရွာတို့တွင် ဧပြီ ၂၁ ရက် ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ လေဘေးသင့်ကျေးရွာများမှ ပြည်သူများအား ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့်တပ်မတော်ဆေးတပ်ဖွဲ့တို့မှ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ တံတားဦးရွာ တွင် First Dose ၂ ဦး၊ First Booster ၁၅ ဦး၊ Second Booster ၄၃ ဦးထိုးနှံပေးခဲ့ပြီး အောင်မြင်ကုန်း ကျေးရွာတွင် First Dose ၁ ဦး၊ First Booster ၇ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးတပ်ဖွဲအနေဖြင့် လေဘေးသင့်ကျေးရွာများတွင် ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ၂၄ နာရီ တာဝန်ထမ်းဆောင်၍ ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)