မန္တလေး ဧပြီ ၂၅
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက မိမိတို့ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို ဖတ်ရှု့လိုစိတ်ရင့်သန်စေရန်၊ စာပေဝါသနာရှင်များ တစ်ဦးနှင့်တစ်ဦးရင်းနှီးခင်မင်မှုများရရှိလာစေရန်၊ လူငယ်လူရွယ်များ စာပေအသိပညာဗဟုသုတများ ပိုမိုရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး စာအုပ်ပြပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များကို တက်ရောက်လာသော စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြပြီး စာအုပ်ပြပွဲကို လစဥ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်မြင့်မြင့်သန်း