ဒေးဒရဲမြို့၌ (၃၇)ကြိမ်မြောက် နာရီ(၉၀)အသံမစဲမဟာပဋ္ဌာန်းအောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ကျက်သရေဆောင်ရုပ်စုံသံတန်ဆောင်းတော်ကြီးတွင် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၃၇)ကြိမ်မြောက် နာရီ(၉၀)အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီကစတင်၍ မြို့လယ်ရုပ်စုံသံတန်ဆောင်းတော်ကြီးမှ စတင်၍ မြို့တွင်းလမ်းများတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။