မိတ္ထီလာ ဧပြီ ၂၃
မိတ္ထီလာမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန် ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ပျိုးပင်ပေါင်း ၈၁၆၆၆ ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန် ပေါက်ချောင်းရပ်ကွက်အတွင်းရှိ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ပျိုးဥယျာဉ်တွင် ယူကလစ်၊ တမာ၊ ဒဟတသင်္ဘောကုက္ကို၊ မြန်မာကုက္ကို၊ ရင်းမာ၊ မဲဇလီ၊ ကျွန်း စသည့် ပျိုးပင်ပေါင်း ၈၁၆၆၆ ပင်ကို ပျိုးထောင်ထားရှိခြင်းဖြစ်ပြီး အဆိုပါပျိုးပင်များကို ကျေးရွာသုံးစိုက်ခင်း ဧက ၅၀ အတွက် ပျိုးပင်ပေါင်း ၃၃၇၅၀ ပင်၊ အထူးစိမ်းလန်းစိုပြည်ရေးတစ်အုပ်တစ်မစိုက်ခင်းအတွက် ပျိုးပင် ၆၁၀၀၊ အခြားစိုက်ခင်း ၂၅ ဧက အတွက် ပျိုးပင်ပေါင်း ၃၇၈၁၁ ပင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဘက်စုံသုံးစိုက်ခင်း တစ်ဧကအတွက် ပျိုးပင်ပေါင်း ၁၃၆၀၊ တစ်အိမ်ထောင် သစ်မာ (၂၀)ပင်အတွက် ပျိုးပင်ပေါင်း ၃၂၀၀၊ တစ်အိမ်ထောင် ကျွန်း(၃)ပင်အတွက် ပျိုးပင်ပေါင်း ၃၄၅ နှင့် ပြည်သူဗဟိုပြုစိုက်ခင်းအတွက် ပျိုးပင်ပေါင်း ၁၀၀၀ ပင် စသည်ဖြင့် ခွဲဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)