မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး ဧပြီ ၂၃

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community   Centre)၌ ယမန်နေ့ညနေ  နာရီက စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌‌ရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းဆွေး‌‌နွေးပြီး စာရေးဆရာမင်းမြတ်မိုး(မန်းမြေ)က ဆရာရွှေဥဒေါင်း၏ အကြံဉာဏ်ဖြင့် ကြီးပွားရေးစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့ရာ ကြီးပွားရေးအတွက် ပထမခြေလှမ်းဖြစ်သော အောင်မြင်ခြင်း၏အခြေခံဖြစ်သောတရား၊ ကြီးပွားရေးအတွက် ဒုတိယခြေလှမ်းဖြစ်သော ယုံကြည်ခြင်း၊ မိမိကိုယ်ကိုစစ်တမ်းထုတ်ရန် အချက်(၂၈)ချက်တို့အား စတင်ဆွေးနွေးပါသည်။ 

ဆက်လက်၍ စာရေးဆရာမလှိုင်က ပညာရပ်တစ်ခုကောင်းတတ်မြောက်ခြင်း၊ စိတ်ကူးဉာဏ်စသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက စာအုပ်တွင်ပါရှိသော အကြောင်းအရာများ၊ ထင်မြင် ယူဆချက်များကို အပြန်အလှန် ဆွေးနွေးကြ‌‌ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်