သတင်းများ

တနိုင်းမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Apr 25,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ  အခမ်းအနားကို ဧပြီ ၂၃ ရက် မွန်းလွဲ (၁) နာရီက ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေး
Apr 25,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ဧပြီ ၂၅ ရက်နံနက် ၉ နာရီချိန်ကဆောင်ရွက်ပေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Apr 25,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ် ကျုံတာကျေးရွာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေး
Apr 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှုပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာ ပုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
မြို့သစ်မြို့နယ်တွင် ပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရေများ သွားရောက်လှူဒါန်း
Apr 25,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဒေသခံပြည်သူများ နွေရာသီကာလ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရရှိစေရန်အတွက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊
သိန္နီမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများအား မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ
Apr 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် လစဉ်အသိပညာပေး အကြောင်းအရာများကို ပြသပေးလျက်ရှိရာ  အပူရှိန်မြင့်မားလာသော ဧပြီလတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ပြသထားကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ CLUB အသင်းများဖွဲ့စည်း
Apr 25,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ CLUB အသင်းများဖွဲ့စည်းမှုအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Apr 25,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။