ပြည် ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ အထက(၁)၊ သိရီရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "နွေရာသီလူငယ်ကင်းထောက်သင်တန်း" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း နွေရာသီ လူငယ်ကင်းထောက်သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေကျပ်(၅၄၂၁၂၀၀/-) (ငါးဆယ့်လေးသိန်းနှစ်သောင်းတစ်ထောင့်နှစ်ရာ)ကျပ်အား ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းခွဲပညာရေးမှူးဦးတင်ယုထံ ပေးအပ်သည်။
ထို့နောက် အထက(၁)ပြည်မှ ကင်းထောက်လူငယ်မောင်မယ်လေးများက “ပြည်သူ့အတွက်အဆင်အသင့်” ကင်းထောက်သီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး ဖျော်ဖြေရေး ကင်းထောက်လူငယ်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ငွေကျပ်(၂)သိန်းချီးမြှင့်ပေးအပ်ကာ တက်ရောက်လာသော တာဝန်ရှိသူများ၊ ကင်းထောက်လူငယ်မောင်မယ်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
အဆိုပါသင်တန်းကို ယခုလ ၂၃ရက်မှ ၂၅ရက်နေ့အထိ သင်တန်းကာလသုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းသို့ ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ ကင်းထောက်လူငယ်မောင်မယ်စုစုပေါင်း ၆၀ ဦး တက်ရောက်ပြီး သင်တန်းတွင် တာဝန်ရှိသူ ဆရာ၊ ဆရာမများက ကင်းထောက်ဆိုင်ရာအသိပညာ၊ အတတ်ပညာ ဗဟုသုတဆိုင်ရာများကို လေ့ကျင့်သင်ကြားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တိုင်းခွဲပညာရေးမှူးရုံးမှသိရသည်။
ကိုဆက်(ပြန်/ဆက်)