သံတွဲ ဧပြီ ၂၃
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါကွန်ပျူတာအခြေခံသင်တန်းသို့ သံတွဲမြို့အတွင်းရှိ အဝေးသင်တက္ကသိုလ် တက်ရောက် နေသည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့ရလူငယ်များ ကွန်ပျူတာအခြေခံတတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အဆင်ပြေစေရေးအတွက် တက်ရောက်သင်ကြားလျက်ရှိကြသည်။
ယခုသင်တန်းကို (၁/၂ဝ၂၃) ကွန်ပျူတာအခြေခံသင်တန်း တက်ရောက်ပြီးသူများအား အဆင့်မြှင့်တင် သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၂၁ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေ (၃) ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ သင်တန်းတွင် သင်တန်းသား ၁၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းဆရာဦးညီနိုင်းထက်က အခမဲ့သင်ကြားပေးခြင်းဖြစ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ပါဝင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)