မိုးနဲမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ပထမရက်စတင်ဖြေဆို
Apr 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယပရိယတ္တိ ဘုန်းတော်ကြီးကျောင်းစာသင်တိုက်၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ ပထမရက် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။