မိုးနဲမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ပထမရက်စတင်ဖြေဆို

မိုးနဲ ဧပြီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယပရိယတ္တိ ဘုန်းတော်ကြီးကျောင်းစာသင်တိုက်၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ ပထမရက် ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာ စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။

အဆိုပါ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို မတ်လ ၆ ရက်နေ့တွင် ဆရာဦးကျော်စိုးမိုးစိန်နှင့် ဆရာမများက ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တက်ရောက်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူ(၄၉)ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း၊ ဧပြီလ ၂၅ ရက်နေ့ ယနေ့မှစ၍ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအချိန်ထိ ၃ ရက်တာ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ၊ မြန်မာစာဘာသာ၊ အဘိဓမ္မာဘာသာတို့ကို ဖြေဆို သွားမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမများနှင့် သံဃာတော်များ၊ သာသနာရေးဝန်ထမ်းများက ပူးပေါင်း၍ စာမေးပွဲခန်း လိုအပ်သည်များကို ကြီးကြပ်ပေးလျက်ရှိကြောင်း၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေမှလည်း ယမန်နေ့တွင် လာရောက်ပူးပေါင်း ကြီးကြပ်ပေးလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)