ကန်ကြီးထောင့်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကန်ကြီးထောင့် ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ    အခမ်းအနားကို ယနေ့နံနက် ၉:၀၀နာရီအချိန်က ကွင်းယားအရှေ့ကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၆(C)၊ ဦးပိုင်အမှတ် ၈/စတွင် တောင်သူ ဦးမျိုးမြင့်နှင့် ဦးသန်းထွန်းအေးတို့၏ လယ်ယာမြေများအတွင်း ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးသိန်းနိုင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ မိုးစပါးရာသီ အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူဦးမျိုးမြင့်နှင့် ဦးသန်းထွန်းအေးတို့၏ လယ်၁၀ဧကအတွင်း ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းကြဲပက်ပေးခဲ့ကြသည်။

အခမ်းအနားသို့ ကွင်းယားအရှေ့ကျေးရွာအုပ်စုရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်ခဲ့ကြပြီး ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်ရာတွင် (၁)ဧကလျှင် (၄)ပြည်နှုန်းဖြင့် အသုံးပြုရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မဇင်(ပြန်/ဆက်)