နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreတွင် ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

နောင်ချို ဧပြီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီအချိန်က   ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက အခန်း(၁) ဘဏ္ဍာရေး စည်းမျဉ်း‌ခေါင်းစဉ်အောက်တွင်ပါရှိသည့် ဘဏ္ဍာရေး စည်းမျဉ်းအဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ရငွေ၊ ရငွေဆိုင်ရာအခြေခံမူများ၊ ရငွေများကို လက်ခံရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ ငွေရပြေစာရေးသား ထုတ်ပေးခြင်း စသည့်ခေါင်းစဉ်များကို ရှင်းလင်း ဆွေးနွေး ပေးခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းမာအေးက ထိန်းသိမ်းသိုလှောင်ခြင်း၊ ငွေလက် ငင်းဖြတ်ပိုင်း စသည့်ခေါင်းစဉ်များတွင်ပါရှိသော အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် ဝန်ထမ်းများတစ်ဦးချင်း လုပ်ငန်းခွင်အတွင်းအရည်အသွေးမြင့်မားလာစေရန်ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်၊ ဝန်ထမ်းကျင့်ဝတ်စာအုပ်၊ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ အစရှိသည့် စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို နှစ်ပတ်လျင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)