သိန္နီ ဧပြီ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မောက်ဟွမ်ဆုန် ကိုယ်ပိုင်မူလတန်းကြိုကျောင်းတို့ ပူးပေါင်း၍ နွေရာသီ အင်္ဂလိပ်စာ (Jolly Phonic Words Blending) သင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉နာရီအချိန်က စတင်ဖွင့်လှစ်၍ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က နွေရာသီတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်၊ အင်္ဂလိပ်စာနှင့် ရင်းနှီးကျွမ်းဝင်ပြီး ထူးချွန်သောအနာဂတ်ကလေးငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါသင်တန်းတွင် မောက်ဟွမ်ဆုန် ကိုယ်ပိုင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်း အား ဧပြီလ (၂၆) ရက်နေ့မှ မေလ (၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)