သတင်းများ

သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Apr 27,2023
ကရင်ပြည်ယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ဧပြီလ(၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းပြုလုပ်
Apr 27,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာလူထုအခြေပြုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားဝင်ငွေတိုးပွားလာစေရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာတစ်ရွာနှင့် ကျေးရွာ၏ ပကတိဖွံ့ဖြိုးရေးလိုအပ်ချက်ကို ကျေးရွာလူထုကိုယ်တိုင်ဖော်ထုတ်၍ ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်ခွင့်ရမည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအတွက် ကျေးရွာ(၁၀)ရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့၌ ပညာရေးကဏ္ဍအသိပညာပေး Talk Show ဆောင်ရွက်
Apr 27,2023
ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပညာရေးကဏ္ဍ အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့တွင် ၂၀၁၂  ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပ 
Apr 27,2023
အလုပ်သမားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ ၊ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို   ယနေ့ နံနက်  ( ၁၀  )နာရီက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ( ၆ ) ၊  မြို့ပတ်လမ်း ၊   Luxury  Hotel   ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊  လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အကျိုးခံစားခွင့်ရှိသူများ၏ မိသားစုဝင်များ တက်ရောက်ကြသည် ။   
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး
Apr 27,2023
မြစ်ချောင်းရေလမ်းကြောင်းများ တည်ငြိမ်စေပြီး မြို့ရွာများ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကျိုက်ပံကရုံစေတီတော်ပရဝုဏ် (ဂျိုင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အပိုင်း(၁)နှင့်(၂) ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၁ ဦး မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်
Apr 27,2023
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၃၁ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာဟောပြော ဆွေးနွေးပွဲများကျင်းပ
Apr 27,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ လူငယ်များဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် လိမ္မာယဉ်ကျေးစေရေး လူငယ်ရေးရာဟောပြော ဆွေးနွေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊  ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ
Apr 27,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံသည်။