နောင်ချို ဧပြီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးမှ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့်သွားရောက် ငှားရမ်းပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယနေ့ ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ် ဗုဒ္ဓဟူးနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များအတွင်းရှိ စာဖတ်ပရိသတ် ပြည်သူများ စာပေနှင့်အဆက် မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်း သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)