သတင်းများ

ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများထုတ်ပြန်
Apr 27,2023
ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီက ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
မြိတ်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေး
Apr 27,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့က မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
ဒဂုံမြို့သစ်(​တောင်ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန စာမေးပွဲအောင်စာရင်းများထုတ်ပြန်
Apr 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက
အုတ်ဖိုမြို့နယ်တွင် သက်တော် (၁၀၃) နှစ်ရှိ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး
Apr 27,2023
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘုန်းဆိုးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တ နန္ဒောဘာသ သက်တော် (၁၀၃) နှစ်၊ ဝါတော် (၈၃) ဝါရှိ ဆရာတော်ဘုရားကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏
ပလောက်မြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများထုတ်ပြန်ကြေညာ
Apr 27,2023
၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက် နံနက် ၆ နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာလျက်ရှိရာ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများ တွင်ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 27,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ သံဃာတော်များနှင့်    ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ
Apr 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ အချိန်က မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အ.ထ.က (၁ ) ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး  Centerတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန စာမေးပွဲအောင်စာရင်းများထုတ်ပြန်
Apr 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျောင်းများတွင်‌ကပ်နှံထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စာမေးပွဲအောင်စာရင်း လာ‌ရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။