ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Apr 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များ မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာပေမှ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။