တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

တံတားဦး ဧပြီ ၂၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပကြောင်း သိရသည်။

အကြိုညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦဘိုမောင်က ကျောင်းအားလပ်ချိန်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားရရှိရေးအတွက် Talk Show များ၊ ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့အတွက် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

ထိုနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ မိမိတို့အနေဖြင့် စေတနာအပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးကြရာ မြို့နယ်ဦးစီးအရာရှိက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)