ကေ့ာကရိတ်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Apr 27,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကာလအတွင်း အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများ၊ အပူဒဏ်ကာကွယ်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အပူဒဏ်အန္တရာယ်ခံစားရပါက အရေးပေါ်ရှေးဦးပြုစုနည်းအား အများပြည်သူသိရှိနိုင်ရန်ရည်ရွယ်၍ “အပူဒဏ်အန္တရာယ်ကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။