ရွှေတိဂုံစေတီတော်(၄၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည်
Apr 27,2023
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၄၀)ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကြီးကို ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ ဧပြီ ၃ ရက်၊ ဗုဒ္ဓဟူးနေနံနက် ၇ နာရီမှစတင်၍ စေတီတော်ရင်ပြင်အင်္ဂါထောင့်မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်မည်ဖြစ်သည်။