သတင်းများ

ရမည်းသင်းမြို့နယ်အတွင် အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများထုတ်ပြန်
Apr 27,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းကို ယနေ့နံနက်(၆)နာရီမှစ၍ ရမည်းသင်းမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများထုတ်ပြန်ထားရှိကြောင်း သိရသည်။
တံတားဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=11 အထိ စာမေးပွဲအောင်စာရင်းမျာ ထုတ်ပြန်ကြေညာ
Apr 27,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=11 အထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေး
Apr 27,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က လှာကဒေါင် ကျေးရွာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းယောင်းမြို့နယ်တွင် Clean & Green ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် သန့်ရှင်းစိမ်းလန်းသာယာလှပစေရန်အတွက် Clean & Green ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းသားများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Apr 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ဟုမ္မလင်းသင်တန်းစခန်း အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဥ် (၁/၂၀၂၃) သင်တန်းသားများ အား ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီလ (၂၆) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ
Apr 27,2023
မြန်မာစာပေကိုချစ်မြတ်နိုးတန်ဖိုးထားစေရန်၊ မြန်မာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။