ပလောက် ဧပြီ ၂၇
၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက် နံနက် ၆ နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာလျက်ရှိရာ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများ တွင်ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အောင်စာရင်းများထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (ဧကဒဿမတန်း) (GRADE-11) အတန်းအထိ အခြေခံပညာ ကျောင်းများနှင့် GRADE-5နှင့် GRADE-9 စာစစ်ဌာနတို့တွင် အတန်းလိုက်အောင်စာရင်းများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းအလိုက် ကြောညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားကာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာလာရောက်ကြည့်ရှုနေကြကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)