ဒဂုံမြို့သစ်(​တောင်ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန စာမေးပွဲအောင်စာရင်းများထုတ်ပြန်

ဒဂုံတောင် ဧပြီ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျောင်းများတွင်‌ ကပ်နှံထားရှိရာ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ စာမေးပွဲအောင်စာရင်း လာ‌ရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများမှာ Grade- 1 မှ Grade- 11အထိ  စနစ်သစ်အတန်းများ အားလုံး၏ အောင်စာရင်းများကပ်နှံထားခြင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ရာနှုန်းပြည့်အောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသတင်းရရှိသည်။

မြို့နယ်(ပြန်/ ဆက်)