ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာဦးစီးဌာန စာမေးပွဲအောင်စာရင်းများထုတ်ပြန်
Apr 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျောင်းများနှင့် ပညာရေးမှူးရုံးတို့တွင်ကပ်နှံထားရှိရာ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ စာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။