ပုလော ဧပြီ ၂၇
ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီက ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ Kg အတန်းမှ Grade (11)( သင်းရိုးအသစ်) (သစ်ရိုးအဟောင်း)အထိ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်အဆင့်) တွင် စာရင်းရှိ ၂၃၀၄၂ ဦးတွင် ဝင်ရောက်ဖြေဆိုသူ ၂၁၃၂၂ ဦးရှိကြောင်း ပညာရေးမှူးရုံးမှ သိရှိရပြီး၊ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်အဆင့်) အောင်စာရင်းများကို ပုလောမြို့နယ်ရှိစာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ထားရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)