စမ်းချောင်းမြို့နယ်၌ သံဃာတော်များနှင့်    ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ

စမ်းချောင်း ဧပြီ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်()နာရီ အချိန်က မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အ.ထ.က (၁ ) ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး  Centerတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၈)နှစ်အထက် ပထမအကြိမ် ကာကွယ်‌ ဆေးထိုးနှံသူ()ဦး၊ဒုတိယအကြိမ်ကာကွယ်‌ဆေး ထိုးနှံသူ()ဦး၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံသူ(၅)ဦးစုစုပေါင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူ (၁၆)ဦးနှင့် သံဃာ(၂၅)ပါး တို့ကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ သံဃာတော်များနှင့် မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

နီလာစိုး (ပြန်/ ဆက်)