အုတ်ဖိုမြို့နယ်တွင် သက်တော် (၁၀၃) နှစ်ရှိ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

အုတ်ဖို ဧပြီ ၂၇

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘုန်းဆိုးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တ နန္ဒောဘာသ သက်တော် (၁၀၃) နှစ်၊ ဝါတော် (၈၃) ဝါရှိ ဆရာတော်ဘုရားကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိုနယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်း ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မူပေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ဆရာတော်ကြီးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးပြီး အာဟာရနှင့်ဆေးဝါးများ ဆက်ကပ်လှူဒါန်းကာ အနီးကပ်ပြုစုစောင့်ရှောက်မှု ပြုလုပ်ပေးသူများအား ဆောင်ရန်ရှောင်ရန်များအားမှာကြားကာ လိုအပ်ပါက အချိန်မရွေးဆက်သွယ်အကြောင်းကြားပေးလျှင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

အောင်သူ (အုတ်ဖို)