ဒဂုံမြောက် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျောင်းများတွင်ကပ်နှံထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများမှာ Grade- 1 မှ Grade-11 အထိ စနစ်သစ်အတန်းများအားလုံး၏ အောင်စာရင်းများကပ်နှံထားခြင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ရာနှုန်းပြည့်အောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသတင်းရရှိသည်။
မြင့်မြင့်ရီ