မှော်ဘီ ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မှော်ဘီခရိုင်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရေးရန်ပုံငွေဖြင့် ကျပ်ဘီလီယံပေါင်း ၃၅.၆၅၆ တန်ဖိုးရှိလုပ်ငန်း (၂၂၀)ခုကိုရရှိခဲ့ပြီး မှော်ဘီမြို့နယ်အတွက် ကျပ်ဘီလီယံပေါင်း ၂၂.၁၀၄နှင့်လုပ်ငန်း(၁၃၀)ခု၊ ထန်းတပင်မြို့နယ်အတွက် ကျပ်ဘီလီယံပေါင်း ၁၃.၅၅၂နှင့် လုပ်ငန်း(၉၀)ခု အသီးသီးရရှိကာ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး ကိုနှစ်အလိုက် စျေးနှုန်းအရ ကျပ်ဘီလီယံ ၁၁၃၄.၃၁၂သန်း၊ တိုးတက်မှုနှုန်း (၅.၂) ရာခိုင်နှုန်း ဖြစ်ပေါ်စေရန်၊ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို (၄၈.၅)ရာခိုင်နှုန်း၊ဝန်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို (၃၃.၄)ရာခိုင်နှုန်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်နှင့် ပုံမှန်စျေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ တိုးတက်မှုနှုန်းကို(၀.၉)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး၏ တိုးတက်မှုနှုန်းကို (၅.၈)ရာခိုင်နှုန်း၊ဝန်ဆောင်မှု ကဏ္ဍကြီး၏ တိုးတက်မှုနှုန်းကို (၆.၈)ရာခိုင်နှုန်း အသီးသီး တိုးတက်စေရန် ရည်မှန်းထားပါကြောင်း ပြောကြားသည်။
ဆက်လက်၍ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အဆင့်ဌာနဆိုင်ရာများ ကိုယ်စားခရိုင်စိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ရာတွင် ခရိုင်လမ်းဦးစီးဌာနမှ ဦးစီးမှူးအားလည်းကောင်း၊ မြို့နယ်အဆင့် ရည်မှန်းချက်တာဝန်များ ပေးအပ်ရာတွင်မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအားလည်းကောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဇော် (ပြန်/ ဆက်)