ဒဂုံ ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျောင်းများနှင့် ပညာရေးမှူးရုံးတို့တွင်ကပ်နှံထားရှိရာ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ စာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများမှာ Grade- 1၊ မှ Grade- 11အထိ စနစ်သစ်အတန်းများ အားလုံး၏ အောင်စာရင်းများကပ်နှံထားခြင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ရာနှုန်းပြည့်အောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ ဆက်)