မုံရွာ ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး သံယဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆-၃-၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်တွင် ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအနေဖြင့် (Virtual Meeting Zoom)ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကလည်းကောင်း၊ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး၊ ပထမအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၆)ချက်၊ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၄)ချက် ချမှတ်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍ အသီးသီးမှာ ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မဏ္ဍိုင်(၃)ရပ်လုံး ဟန်ချက်ညီစွာဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)မူဘောင်အရ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်း အစီအစဉ်များနှင့် အစိမ်းရောင်စီးပွားရေးမူဘောင်များတွင် ပါရှိသည့် ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာ ကော်မတီဝင်ဌာနများ၏ နှစ်တို/နှစ်ရှည် စီမံကိန်းရည်မှန်းချက်နှင့် ဘဏ္ဍာရေးလျာထား ချက်များတွင် ထည့်သွင်းရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်းပတ်ဝန်းကျင်ညစ်ညမ်းမှုတွေထဲမှာ အမှိုက်ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုအဖြစ် ကျွန်တော်တို့အားလုံးကို ခြိမ်းခြောက်လျက် ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ Form Pollution to Solution အစီရင်ခံစာအရ အဏ္ဏဝါ အမှိုက်သရိုက်များ၏ ၈၅% မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ ဖော့ဘူးခွံများကို မြစ်၊ ချောင်း၊ မြောင်းများမှ တစ်ဆင့် ပင်လယ်တွင်းသို့ စီးဝင်မှုထိန်းချုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် တစ်ခါသုံး ပလတ်စတစ် (Single Use Plastic) သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချသွားရန် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပထမဆုံးအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချင်းတွင်းမြစ်အတွင်း အမှိုက်စွန့်ပစ်မှု ကာကွယ်တားဆီးရေး လှုပ်ရှားမှု (Campaign)နှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့က ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စစ်ကိုင်းခရိုင်တွင်လည်း ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်မှု ကာကွယ်တားဆီးရေး လှုပ်ရှားမှု(Campaign)နှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ၂၅ ရက်နေ့တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုလို အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ မဆောင်ရွက်နိုင်သေးသော်လည်း ပထမဆုံး ရှေ့ပြေးစီမံချက် (pilot project)ကို မုံရွာမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပေါင်းစပ် ဆောင်ရွက်လျက်ရှိသလို ကျွန်တော်တို့ တိုင်းဒေသကြီးအနေဖြင့်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွားရေး၊ ကျန်းမာရေး ထိခိုက်မှုအနည်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်သွားကြစေကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌကြီး လမ်းညွှန်မှာကြားခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contribytions–NDCs)ပါ ကတိကဝတ်များ အကောင်အထည်ဖော်ရေး၊ တိုင်းတာတွေ့ရှိသည့် လေအရည်အသွေး၊ ရေ အရည်အသွေးရလဒ်များကို သတ်မှတ်စံချိန် စံညွှန်းဘောင်အတွင်း ထိန်းချုပ်နိုင်ရေး၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုမရှိစေရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကော်မတီဝင်ဌာနများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုကိုခံယူပြီး စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့်အတူ ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦကျော်အောင်မိုးက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက် လာကြသော ကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် အသီးသီး အကြံပြု ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)