သတင်းများ

သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စု‌ပေါင်းကြဲပက်
Apr 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ ကွင်းအမှတ် (၆၇၈)တောင်သူ ဒေါ်ရင်နွဲ့၊ ဦးပိုင်အမှတ် (၂၈/၃) လယ်မြေပေါ်သို့ ကြဲပက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအတန်းလိုက်အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Apr 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ အောင်စာရင်းများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းများ၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် အသက်အုပ်စုအလိုက် အသက်(၂)လမှ အသက်(၃)နှစ် အရွယ်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေး
Apr 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယ​နေ့နံနက်ပိုင်းက အသက်အုပ်စုအလိုက် အသက်(၂)လနှင့် (၃)နှစ်အောက်ကလေးငယ်များကို လိုအပ်သည့်ကာကွယ်ဆေးများကို World Immunization Week အဖြစ် (၂၄.၄.၂၀၂၃)မှ (၃၀.၄.၂၀၂၃)ရက်နေ့အထိ ကာကွယ်ဆေးထိုးစုရပ်များ ဖွင့်လှစ်၍ ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့လျက်ရှိပါသည်။
ပဲခူးမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster Dose) ထိုးနှံပေး
Apr 28,2023
ပဲခူးမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး(Booster Dose)လိုက်လံထိုးနှံပေးခြင်းကို ဧပြီလ ၂၄ ရက်နေ့မှစတင်ပြီး  ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများမှ ဈေးများတွင် စုရပ်လုပ်ကာ လိုက်လံထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်
Apr 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပုသိမ်)၌ ယ​နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
သထုံမြို့နယ်၌ အပူဒဏ်အန္တရာယ်သတိပြုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Apr 28,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူဒဏ်အန္တရာယ်သတိပြုကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီစဉ်ကို ယ‌နေ့၊ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ဆိုင်ကယ်ပါဝါအိပ်ဇော တပ်ဆင်မောင်းနှင်သူများအား အရေးယူ
Apr 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ဆိုင်ကယ်ပါဝါအိပ်ဇော တပ်ဆင်မောင်းနှင်သူများအား အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၂)ရဲစခန်းရှေ့နှင့် စုပေါင်းရုံးကြီးရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Apr 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။