ဇီးကုန်း ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မတ်လနှင့် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သော KG မှ Grade 11 အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများအား ယနေ့နံနက်က ထုတ်ပြန်ကြေညာခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၀၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၅) ကျောင်းတွင် ကျောင်းသားကျောင်းသူ (၉၆၄၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ အဆိုပါ စာမေးပွဲအောင်စာရင်းများအား သက်ဆိုင်ရာ ကျောင်းများအလိုက် ထုတ်ပြန်ထားလျက်ရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင့်ဆွေ