ပဲခူးမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခုနှစ်  ပညာသင်နှစ်၏ အခြေခံပညာကျောင်းများမှ အတန်းလိုက်အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူး ဧပြီ ၂၇

၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ၂၀၂၃ ခုနှစ်၊ ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ ပဲခူးမြို့ရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း အောင်စာရင်းများထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (ဧကဒဿမတန်း) (GRADE-11) အတန်းအထိ အခြေခံပညာကျောင်းများအလိုက် ကြေညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားကြောင်း  သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ ဆက်)