မိုင်းလုံ ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကလေးငယ်များ ကျောင်းပိတ်ရက်တွင် ပျော်ရွှင်စေရန် စကားပုံဆက်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား လစဉ်စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ဆောင်ရွက်ပေးရာ ကလေးများ၏ အားလပ်ရက်တွင် စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်ပေးပြီး ယခုလိုဆောင်ရွက် ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ မြန်မာစကားပုံများကို သိရှိစေရန်၊ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက မြန်မာစကားပုံများကို စာစီ၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ စကားပုံများကို မိနစ်(၃၀)ခန့် ဖတ်မှတ်စေပြီး ပြိုင်ပွဲကိုကျင်းပရာတွင် စာစီထားသော စကားပုံများအပြင် အခြားစကားပုံများကိုလည်း မေးမြန်း ခြင်းဖြင့် စကားပုံဆက်ပြိုင်ပွဲကို ဆောင်ရွက်ရာ ပြိုင်ပွဲ၀င်ကလေးများကို အာဟာရအဖြစ်မုန့်ဟင်းခါး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)