သတင်းများ

သံတောင်ကြီးမြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
May 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်အားယနေ့နံနက်(၈)နာရီအချိန်က သံတောင်ကြီးမြို့ပေါ်ရှိ  လမ်းဆုံ၊ လမ်းကွများ လူအသွားအလာများသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မုန်တိုင်းအန္တရာယ်ကြောင့် လုပ်ငန်းများ၊ သိုလှောင်ရုံများ၊ စားသောက်ကုန်များ၊ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုနည်းစေရန် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ညီနောင်အသင်းအဖွဲ့များနှင့် စက်မှုဇုန်များမှ တာဝန်ရှိသူများတွေ့ဆုံ
May 10,2023
မုန်တိုင်းအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးများ များပြားခြမရှိစေရန် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ညီနောင်အသင်းအဖွဲ့များ၊ စက်မှုဇုန်များမှတာဝန်ရှိသူများနှင့် ယမန်နေ့တွင် Virtual Meeting မှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။
တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
May 10,2023
သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို အဝေရာမီးပုံးပျံကွင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
သာပေါင်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာလက်ကမ်းစာစောင်များကို ယနေ့ မေလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံ၊ လမ်းမများနှင့် သီရိရွှေသာဈေး အတွင်း၊ အပြင် နေရာတို့မှ‌‌ နေ၍ ဖြန့်ဝေပေးခဲ့ကြသည်။
မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွယ်ကယ်ဆယ်နိုင်ရန်အတွက် ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်
May 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကို ယနေ့နံနက် ၉ နာရီအချိန်က အောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။
ထားဝယ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက  သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသိပညာပေး (Talk Show) ကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) တွင် မိခင်နှင့် အနာဂတ် ရင်သွေးငယ်များ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ် ၁၃:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ  အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။