လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့နံနက်(၁၀)နာရီ၌ မြို့နယ်လူ၀င်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူခြင်း၊ Database တွင် သိမ်းဆည်းကာမတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို ဇွန်လ(၂၆)ရက်နေ့တွင် စတင်၍ ဆက်လက်ထုတ်ပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီ၀ဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းတို့အား တစ်ချိန်တည်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူမြန်ဆန်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကိုစိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးနိုင်ရန်တို့အတွက် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများကို စစ်ဆေးနိုင်သည့် အခြေခံစနစ်ဖြစ်သည်။
ထိုသို့ ဇီ၀ဆိုင်ရာ(Biometric Data)အချက်အလက်များကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခိုင်မင်းကိုနှင့် အဖွဲ့၀င်များနှင့် မြို့နယ်လ.၀.ကဦးစီးမှူးဦးသန့်ဇင်တို့ကပူးပေါင်း၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနရုံးမှ ၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများနှင့် မိသားစုဝင်များ၏အချက်အလက်များ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဌာနဆိုင်ရာ၀န်ထမ်းများနှင့်မိသားစု၀င်များ၏ အချက်အလက်များကိုလည်း နေ့စဉ်ဆက်လက်ကောက်ယူ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)