ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေး

ဇမ္ဗူသီရိ ဇွန် ၃၀

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "ပျော်ရွှင်ခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားက စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဦးဟန်ညွန့် (ဟန်ညွန့်-ယဥ်ကျေးမှု)၊  ဦးအောင်ဝေ (အောင်ဝေ-ညောင်ခြေထောက်)၊ ဒေါ်ခင်ငြိမ်းအေး (မေချို-ပျဥ်းမနား)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ဦးဝင်းနိုင် (ရွှေလက်ပံ-မဲဇလီ)၊ ဦးသန်းမင်းထွန်း( မောင်သန်းညွန့်-မြစ်ခြေ)၊ ဦးကြီးမြင့် (ကျော်ဇော-စမ်းချောင်း)၊ ဒေါ်သက်သက်နွယ် (သက်သက်နွယ်-ရန်ကုန်တက္ကသိုလ်)၊ ဦးလင်းထွဋ် (ကိုလင်း-အညာမြေ)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဦးဇင်မျိုးဝင်း (ကိုရင် ဖက်တော)၊ ဒေါ်ဌေးဌေးမြင့် (ခင်လေး-ပြည်ထောင်စုနယ်မြေ)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်-လူမှု)၊ မစံပယ်(တောင်တွင်းကြီး)နှင့် စာပေဝါသနာရှင်တို့က "ပျော်ရွှင်ခြင်း" စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့် ယှဉ်ကာ အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)