ဘူးသီးတောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ အနောက်ကွင်းစျေးနှင့် လူစည်ကားရာ လမ်းဆုံများ၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်(ကံပြင်) ကျေးရွာ အုပ်စုစျေး၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောခဲ့ကြသည်။