သိန္နီ ဇူလိုင် ၂၉
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သော နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမ ဝါယမနေ့အကြိုလှု ပ်ရှားမှုအတွက် အသင်းသားများအား ထောက်ပံပစ္စည်းပေးအပ်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမ အသင်းဝင်ထားသော အသင်းသူ၊ အသင်းသားများအား လူမှုထောက်ပံ့ကြေးအနေဖြင့် အသင်းသားတစ်ဦးလျှင် ဆီ ၁ ပိဿာ၊ ဆန် ၂ ပြည်တို့အား ဌာန/ကျောင်းများအလိုက် ထုတ်ပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းဝင် (၅၁၂) ဦးရှိပြီး အသင်းသားများအား လူမှုရေး ကိစ္စများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်သော ဆီ၊ ဆန်များကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)