တနင်္သာရီမြို့နယ်၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီ ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများအလိုက်နှင့် ဒေသန္တရစီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ယခုနှစ်အတွင်း လုပ်ငန်းလျာထား သတ်မှတ်ချက်များကို ယခင်နှစ်ကကဲ့သို့ ပြည့်မီအောင် ကျိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း လမ်းညွှန်အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းရီက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပေးသည်။

 ထို့နောက်၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့စီးပွါးရေးဘဏ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့်ပညာရေး ဌာနတို့မှတာဝန်ရှိသူများထံ မြို့နယ်အုပ် ချုပ်ရေးမှူးဦးကျော်သက်ထူးက စီမံကိန်းလုပ်ငန်းများဆိုင်ရာ ဒေသန္တရစီမံကိန်းတာ ဝန်ပေးအပ်လွှာများကို ပေးအပ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)