အောင်လံမြို့နယ်၌ တိရစ္ဆာန်အစာပင် မြက်တစ်ဧကကို တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုး

အောင်လံ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသအတွင်းရှိ တောင်သူများ မွေးမြူထားသည့် တိရစ္ဆာန်များ အတွက် အစာဖူလုံစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျော်စွာကျေးရွာ၌ မြက်တစ်ဧကကို တောင်သူပညာပေး အကောင် အထည်ဖော်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်အစာပင်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မွေးမြူ ရေး ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးခဲ့သည်။ ထိုသို့ တိရစ္ဆာန်အစာပင်စိုက်ပျိုးရခြင်းသည် ပရိုတင်းပါဝင်များသောကြောင့် တိရစ္ဆာန်များကြီးထွားနှုန်းမြန်စေပြီး တောင်သူများကိုယ်တိုင် စိုက်ပျိုး ကျွေးခြင်းဖြင့် အစာစရိတ်သက် သာလွယ်ကူစေပါသည်။ အစာရှားပါးချိန်တွင် မြက်ချဉ်ဖတ်ပြုလုပ်၍ ပြန်လည်ကျွေးမွေးနိုင်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်များအား ကျွေးမွေးနိုင်ကြောင်းနှင့် အကျိုးအမြတ်အလွန်များကြောင်း ဒေသတွင်းရှိ တောင်သူများအနေဖြင့် ကျွဲ၊ နွား တိရစ္ဆာန်များ တစ်ပိုင်တစ်နိုင် မွေးမြူရာတွင် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့်စနစ် တကျပြောင်းလဲမွေးမြူပြီး ကြီးထွားဖွံ့ဖြိုးသော တိရစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန် ရည်ရွယ်စိုက် ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိသန္တာ၏ ပြောကြားချက်အရ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)