ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပျိုးသက်နုကောက်ကွက်ကျဲ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ပျိုးထောင်ခြင်း နည်းပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ

ကြာအင်းဆိပ်ကြီး ဇွန် ၂၉

ဒေသခံစိုက်ပျိုးရေးတောင်သူများအနေဖြင့် ယခုမိုးရာသီတွင်  မိုးစပါးစိုက်ပျိုးရာ၌ မျိုးစေ့ပျိုးထောင် စိုက်ပျိုးရာ၌ နည်းစနစ်များမှန်ကန်စေရေး ပန်းတိုင်အထွက်နှုန်းနှင့် သီးထွက်စွမ်းအား တိုးတက်မြင့်မားလာစေရေးအတွက် မိုးစပါးပျိုးသက်နု ကောက်ကွက်ကျဲ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ပျိုးထောင်ခြင်းနည်း ပညာပေး‌ဆွေးနွေးခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါတောင်သူနည်းစနစ် အသိပညာပေးဆွေးနွေးခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ ဒေသခံတောင်သူများအား ဒေသခံစိုက်ပျိုးရေး တောင်သူများအား မျိုးစပါးစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မိုးစပါးစိုက်ပျိုးစရိတ်များကို မြို့နယ်အသီးသီးရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများ၌ စိုက်ပျိုးဧကများအလိုက် စိုက်ပျိုးချေးငွေများထုတ်ပေးလျက်ရှိကြောင်း တောင်သူများအနေဖြင့် စိုက်ဧကများပြည့်မှီအောင် စိုက်ပျိုးရေးနှင့် သီးနှံအထွက်နှုန်းများ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးနည်းစနစ်များဖြင့် လေ့လာသိရှိ စိုက်ပျိုးစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောဝေလင်းညွန့်က တောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းနှင့် သီးထွက်စွမ်းအား မြင့်မားတိုးတက်လာစေရေး စိုက်ဧကတစ်ဧက တင်းတစ်ရာထွက်ရှိနိုင်စေရေးအတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရန်လိုအပ်ကြောင်း မိုးစပါးစိုက်ပျိုးရာတွင် ပျိုးသက်နု ကောက်ကွက်ကျဲ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ပျိုးထောင်ခြင်း ပျိုးသက်နုကောက်ကွက်တိမ် ကောက်ကွက်ပြည့် စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ကျေးရွာအုပ်စု/ကျေးရွာများမှ ဒေသခံစိုက်ပျိုးရေး တောင်သူများမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် မိမိတို့၏လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးရေးတောင်သူများမှ အမှတ်(၂)ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းရှိ မြို့မကွင်း ကွင်းအမှတ်(၇) ဦးပိုင်(၂၁)ခ တောင်သူဦးထွန်းကြည်၏ လယ်မြေ(၅)‌ဧက စံပြစိုက်ခင်း၌ ပျိုးသက်နု ကောက်ကွက်ကျဲ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ပျိုးထောင်ခြင်း နည်းပညာပေး လက်တွေ့သရုပ်ပြသခြင်းအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး