သတင်းများ

ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်
May 22,2023
အားကောင်းသော "မိုခါ" မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေ(၂၂)ရက်နံနက်(၇)နာရီက ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၊ တောင်လေးလုံးကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနှင့် ရဲတပ်ဖွဲ့ဝင် များ တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံကိုရီးယားဘာသာစကား( ဗျည်း/သရ )သင်တန်း( အခမဲ့ )ဖွင့်လှစ်
May 22,2023
နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  အခြေခံကိုရီးယားဘာသာစကား( ဗျည်း/သရ) သင်တန်း( အခမဲ့ ) ကို ယနေ့မွန်းလွဲ ၂ နာရီက ဖွင့်လှစ်ခဲ့သည်။
၂၀၂၃ နှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ကျင်းပ
May 22,2023
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေနံနက်(၉)နာရီက ရန်ကုန်မြို့သိမ်ဖြူအားကစားကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ် ပြပွဲပြသ
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် များနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 22,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှု့လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်အိုးအိမ်ဦးစီးဌာန၊ ပြည်တော်သာဝန်ထမ်းအိမ်ရာနှင့် ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
May 22,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးချိန်အမီ ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး/အတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့တွင် Grade- 9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
May 22,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် Grade - 9 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက အထက(၁)လွိုင်လင်မြို့ နဝဒေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်
May 22,2023
၂၀၂၃-၂၄ ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို ဧပြီလထဲတွင် ပြန်လည်ဖွင့်လှစ် သင်ကြားတော့မည်ဖြစ်၍ စာသင်ကျောင်းနှင့်စာသင်ခန်းများ သန့်ရှင်းမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက်(၉း၀၀)အချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်းကာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများအတွင်း စုပေါင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။