သံတွဲ ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီက အပတ်စဉ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများစုပေါင်း၍ သံတွဲမြို့မေတ္တာဝတီ ဘိုးဘွားရိပ်သာ ခြံဝန်းအတွင်းရှိ ခြုံနွယ်သစ်ပင်များ၊ မြက်များအား ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာသို့ ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျောင်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြ ကြောင်း သိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)